ဇေယျာသီရိမြို့နယ်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်ဆင်ပဲ နေအိမ်ပြင်ပ ထွက်ခွါသူများ ပထမအကြိမ်အရေးယူဆောက်ရွက်

နေပြည်တော် ဇူလိုင်   ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်ပဲ နေအိမ်ပြင်ပ ထွက်ခွါသူများ ပထမအကြိမ် အရေးယူဆောက်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။                                                             

အရေးယူဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဝင်းထင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ပြည်စံအောင်ဈေးရှေ့ဝင်ပေါက် နှင့် နန်းဩအုပ်စု ဒိုးပင်ခုံလမ်းဆုံတို့တွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမပြုပဲ အပြင်ထွက်သူများအား ပထမအကြိမ်အဖြစ် ဒဏ်ငွေပေးဆောင်စေခြင်းအားဆောင်ရွက်ခဲ့ရာ (၇) ဦးအားဒဏ်ငွေတပ် ရိုက်နိုင်ခဲ့ပြီး ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက ဘေးစီမံဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းကို အများပြည်သူများထံရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်း လူစည်ကားရာနေရာများနှင့် ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။