မချမ်းဘော ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်တွင် Volunteerအဖြစ် ပူးပေါင်းပါ၀င်ကူညီသည့် စေတနာ့၀န်ထမ်းအဖွဲ့များအား ဆန်ရိက္ခာများထောက်ပံ့လှုဒါန်းခြင်းကို ယနေ့နံနက်၉နာရီတွင် မလိခ(မချမ်းဘော့) တံတားစစ်ဆေးရေးဂိတ်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မချမ်းဘော့မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်၀င်းက ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းပါ၀င်ဆောင်ရွက်သည့် စေတနာ့၀န်ထမ်းအဖွဲ့အားထောက်ပံ့ လှူဒါန်းသည့် ဆန်နှစ်အိတ် ကာလတန်ဖိုး(ကျပ်-၈၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့၀န်ထမ်း များကိုယ်စား မချမ်းဘော မြို့နယ်ကြက်ခြေနီအဖွဲ့တပ်ခွဲမှူး ဦးနောထန်မှ လက်ခံရယူကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်