ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃) တပ်မတော်‌ဆေးရုံ(၃-၃၀၀)တွင် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း

ကျိုင်းတုံ ဇူလိုင် ၂၂ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃) တပ်မ‌တော်ဆေးရုံ(၃-၃၀၀) တွင် အသုံးပြုရန် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။ ပေးအပ်လှူဒါန်းပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီးအတွက် Oxygen 40 Liter (၂၀)လုံးနှင့် ကျိုင်းတုံမြို့၊ အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)အတွက် Oxygen 40 Liter (၂၀)လုံးကို ပေးအပ်လှူဒါန်းသည်။ ထို့နောက် ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အောင်ဇင်မြင့်