မိုင်းရှူးမြို့နယ်တွင်မဲဆန္ဒရှင်စာရင်းအချက် အလက်များ မှန်ကန်စေရေး ပြင်ဆင် လျှောက်ထားမှုများ ဆောင်ရွက်

မိုင်းရှူး   သြဂုတ်    ၁၂

မိုင်းရှူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှ စ၍ ကပ်ထားကြေ ညာလျက်ရှိရာ မဲစာရင်းများတွင် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုကြပြီး ပြင်ဆင်လိုသည့် အချက်အလက်များကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားလျက်ရှိကြောင်း သိရ သည်။

မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၂၅)ရက်နေ့မှ သြဂုတ်လ(၁၁)ရက်နေ့ထိ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၄၉၂)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၂၉၀)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက် မှားယွင်းသဖြင့်ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လျှောက်ထားသူ(၂၂၀)ဦးရှိကြောင်း သိရသည်။ 

မိုင်းရှူးမြို့နယ်အတွင်း ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇)အုပ်စုတို့တွင် မဲရုံ(၄၄)ရုံထားရှိပြီး ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၄၉၇၅၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်မြတ်စုမွန်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)