ရန်ကုန် သြဂုတ် ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကိုင်ဆောင် လက်မှတ်မရှိသေးသူများအား ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် (၇) ရက်နေ့မှ စတင်ကာ ရပ်ကွက်များ အလိုက် ကွင်းဆင်းဆောင် ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ လွတ်လပ်ရေး ရပ်ကွက် တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်ခိုင်နှင့် ဝန်ထမ်းများက မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ လွတ်လပ်ရေး ရပ်ကွက်ရှိ အသက် (၁၈) နှစ် ပြည့်ပြီးသူများထဲမှ ကိုင်ဆောင်လက်မှတ်မရှိသူများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် သေချာစွာစိစစ်၍ ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ကာ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ်တကျဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်းနှင့် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးတို့က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ချစ်စုဝေ (ပြန်/ဆက်)