ဆွမ်ပရာဘွမ် ဇူလိုင် ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြစ်ကြီးနား - ဆွမ်ပရာဘွမ်- ပူတာအိုကားလမ်း ဆွမ်ပရာဘွမ်မြို့အဝင် ချစ်သူတံတားအနီးတွင် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန်မှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ပြန် လည်စတင်ဖွင့်ခဲ့သည်။
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမားရေးစစ်ဆေးပေးခြင်း၊ ခရီးသွား ရာဇဝင်များမှတ်တမ်းထားရှိခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နံနက် ၇ နာရီ ခွဲမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်း ချုပ်ကုသရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးဂိတ်ဖွင့်လှစ်နေမှုများအားစစ် ဆေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဇနီး ဒေါ်အေးအေးကျော့ မိသားစုမှ ကိုဗစ်-၁၉ အလှူငွေကျပ်တစ်သိန်းနှင့် ကုတင်(၅၀)ဆံ ပြည်သူ့ဆေးရုံအတွက် ဆေးပစ္စည်းတန်ဖိုးကျပ်တစ်သိန်းဖိုး လှူဒါန်း ပေးပြီး၊ မေခသစ္စာကုမ္ပဏီမှ အလှူငွေကျပ်ကိုးသောင်းကို လှူဒါန်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ ဝင်များ ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးစစ်ဆေးရေး ဂိတ်ရှေ့၊ စည်ပင်သာယာဈေးရှေ့၊ လမ်းဆုံနေရာများတွင် Mask Campaign ပြုလုပ်၍ ခရီးသွားပြည်သူများနှင့် မြို့နေပြည်သူများအား Mask ၁၀၀ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)