ဟိုပုံး ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် (Covid-19) ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့လာခြင်းများ မဖြစ်ပေါ် စေရေးအတွက် မြို့ဝင်/ထွက် ဟိုပုံး-တောင်ကြီး ပြည်ထောင်စုလမ်းမပေါ်ရှိ ကျန်းမာရေးစစ်ဆေး ရေးဂိတ်တွင် ဌာနဆိုင်ရာများအား တာဝန်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများ ကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်ကြလာသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဟိုပုံးမြို့နယ် (Covid-19) ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)