ကျောက်ပန်းတောင်း ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာတွင် ကျန်းမာရေးစောင့်ရှောက ်မှုပေးနေသည့်၊ ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်(၉:၃၀)နာရီက အဟာရပြည့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်သည် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမျိုးမင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးငွေမိုးတို့လိုက်ပါလျှက်၊ မြို့နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် အဟာရဖြည့်စွက် စာများဖြစ်သည့်၊ ကြက်ဥ(၆၅၀)လုံးနှင့် ခေါက်ဆွဲခြောက်(၇၅၀)ထုပ် တန်ဘိုးငွေကျပ် (၃)သိန်း ဘိုးကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က လက်ခံရယူခဲ့ ကြောင်သိရသည်။
နေအောင်(ပြန်/ဆက်)