ငါန်းဇွန် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၇နာရီခွဲအချိန်က ကျောက်ဆည်တပ်နယ် အမှတ်(၂)အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ်မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများကိုပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှုမရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဆည်တပ်နယ် အမှတ်(၂) အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ် ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်အဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရန် ငါန်းဇွန်မြို့မ စည်ပင် သာယာဈေးရှေ့နှင့် မြို့မရဲစခန်းရှေ့ မြို့လယ်လမ်းဆုံတို့တွင် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း Maskများတပ်ဆင်ရန် လှုံ့ဆော်ခြင်း ၊ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက် သည့် ညွှန်ကြားချက်များကို ပြည်သူများတိတိကျကျ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးခြင်းနှင့် Mask (၁၆၀၀)ခုအား ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)