ရန်ကုန် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အသီးသီးလှူဒါန်းခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား အင်းစိန် မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့နှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေး လျက်ရှိပြီး အောက်ဆီဂျင်အိုး ဝယ်ယူရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဦးကြင်စွန်း+ဒေါ်စန်းစန်း မိသားစုမှ အလှူငွေကျပ်(၂)သိန်း၊ မဆုသဇင်ဦး၏ မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁)သိန်း၊ နော်အေးအေးဆုမှ အလှူငွေကျပ်(၅)သောင်း၊ ကွယ်လွန်သူ ဦးတင်ထွန်းနှင့် ဦးသန်းဌေးတို့၏ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ် (၅)သောင်း၊ မချောစုအောင် မိသားစုမှ အလှူငွေကျပ်(၂)သောင်းတို့ကို အလှူရှင်များက အသီးသီးလှူဒါန်းရာ တွဲလက်လူမှု ကူညီရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန် မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို