လှိုင်းဘွဲမြို့နယ် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအလှူငွေများ ပေးအပ်ရာတွင် Covid-19 ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အခက်အခဲမရှိစေရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ပေးအပ်သော အလှူငွေ ကျပ် (၃)သိန်းကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက မြို့နယ်ပြည်သူ့ဆေးရုံ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)