တန့်ယန်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ် အဆင့်ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဂုဏ်ပြု အမှာစကားပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရန် လှူဒါန်းပေးအပ်ကြသော အလှူရှင်များ၏ အလှူငွေများကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းနှင့် ယနေ့အထိ အလှူငွေ စုစုပေါင်း ငွေကျပ်(၇၈၅)သိန်း ရရှိနေပြီဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး