ရန်ကုန် ဇူလိုင် ၁၉
ကိုဗစ် - ၁၉ ရောဂါပိုးရှိ သံဃာတော်၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များထားရှိရန် ပြင်ဆင်ဆောင်ရွက်နေသည့် စင်တာများနှင့် အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်များကိုပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးပေးဝေနေမှု များကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရူစစ်ဆေးသည်။
ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမရှိ ကုသရေးအဖွဲ့များနှင့် လုပ်အားပေးအဖွဲ့များအတွက်
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှထောက်ပံ့ပေးအပ်သည့်
ရောဂါကာကွယ်ရေးဝတ်စုံ PPEအစုံ ၁၀၀ (တစ်ရာ)၊ နှာခေါင်းစည်း MASK ၁၀၀၀၀ နှင့်အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး အားပေးစကားပြောကြား၍ လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စီမံဆောင်ရွက်မှုဖြင့် ကိုဗစ် - ၁၉ ရောဂါပိုးရှိ သံဃာတော် ၂၀၀ ပါးခန့်ထားရှိရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရူစစ်ဆေးသည်။
ဆက်လက်၍ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၁)ရှိ ယူနီတီအောက်ဆီဂျင် စက်ရုံတွင် ရွှေဗျိုင်းဖြူကုမ္ပဏီမှ လှူဒါန်းပေးသော Liquid Oxygen များ
ကိုအောက်ဆီဂျင်ဓါတ်ငွေ့အိုးများအတွင်းဖြည့်သွင်း၍ပြည်သူလူထုထံ
ပေးအပ်လှူဒါန်းနေမှုများကို တာဝန်ရှိသူများကရှင်းလင်း တင်ပြရာကောင်
စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီး တို့ကအောက်ဆီဂျင်လိုအပ်နေသော ပြည်သူများ၏ လက်ဝယ်သို့လုံလောက်စွာ ဖြန့်ဖြူးပေးရန်နှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက်မရမ်းကုန်းမြို့နယ် ကမ္ဘာ့အေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ သံဃာ့ ဆေးရုံများတွင် တာဝန်ထမ်းဆောင်မည့် ကုသရေးအဖွဲ့များနှင့် လုပ်အားပေး အဖွဲ့များအတွက် ရောဂါကာကွယ်ရေးဝတ်စုံ PPE အစုံ (၁၀၀) ၊ နှာခေါင်းစည်း MASK (၁၀၀၀၀)နှင့် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပြီးအားပေး စကား ပြောကြား ၍ ကိုဗစ် -၁၉ ရောဂါ ပိုးတွေ့သံဃာတော်များနှင့် သီလရှင်များ ထားရှိရန်အခန်းနေရာပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊
ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးပစ္စည်းထားရှိမှုများကို လည်းကောင်း ၊ အိပ်ယာ ၊ ခြင်ထောင်၊ ကုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တကိုယ်ရေသုံး ပစ္စည်းများ ၊ အောက်ဆီဂျင်လိုအပ်မည့် လူနာများအတွက် အောက်ဆီဂျင် ပိုက်လိုင်းသွယ်တန်းတပ်ဆင်ထားရှိမှုများကို ကောင်စီဥက္ကဋ္ဌ ၊ တိုင်းမှူးနှင့် ဒုတိယ န်ကြီးတို့ကကြည့်ရူစစ်ဆေး ၍ လိုအပ်သည် များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများ နှင့် အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများ၏လက်ဝယ်သို့ အမြန် ဖြန့်ဖြူးပေးရေး ကိစ္စရပ်များ နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အကျယ်တဝင့် ဆွေးနွေးခဲ့ကြ သည်။
ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းတွင် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဒုတိယလှိုင်းထက် လူနာများတွင် အောက်ဆီဂျင်လိုအပ်မှု မြင့်မားနေသဖြင့် လိုအပ် ချက်များကိုအလုံအလောက်ဖြည့်တင်းပေးရန် နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းငွေ များဖြင့်လည်း အောက်ဆီ ဂျင်ဓါတ်ငွေ့ရည်နှင့် ဆက်စပ်ပစ္စည်းများ ကို ပြည်ပနိုင်ငံများမှ မှာယူ တင်သွင်းကာ ဆေးရုံများနှင့် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများထံသို့ ပို့ဆောင်ဖြန့်ဝေပေးလျက် ရှိကြောင်းသိရသည်။
ဆန်းကျော်ဦး