မြဝတီမြို့ရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

မြဝတီ ဇူလိုင် ၁၈

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့အတွင်းရှိ ရပ်ကွက်များ၌  လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီခရိုင် ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

မြဝတီမြို့တွင်  ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အသစ် ကျား ၂၄ ဦး၊ မ ၁၃ ဦး၊ စုစုပေါင်း ၃၇ ဦး တွေ့ရှိကာ သေဆုံးသူ ၂ ဦးရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ကျား ၂၇၁ ဦး၊ မ ၂၁၂ ဦး၊ စုစုပေါင်း ၄၈၃ ဦးကို   လက်ရှိကန့်သတ်စောင့်ကြည့် ကုသလျက်ရှိကြောင်း ဇူလိုင် ၁၇ ရက်နေ့အထိ စာရင်းများအရ သိရသည်။  

မန်းသန်းရွှေမြင့်