ကျောက်ပန်းတောင်း ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြပါရမီ ကိုယ်ပိုင်းကျောင်းရှိ Quarantine Center တို့တွင် Quarantine ဝင်ရောက်နေသူများအား ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ၊ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၄)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါပိုးတွေ့သူ ကျား(၅)ဦးနှင့် မ(၄)ဦး၊ ပေါင်း(၉)ဦးတို့အား အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကျား(၃)ဦး၊ မ(၁)ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျား(၁)ဦးနှင့် မ(၃)ဦး၊ ပုပ္ပားတိုက်နယ် ဆေးရုံတွင် ကျား(၁)ဦး ပို့ဆောင်ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းနှင့် ဇူလိုင်(၁၇)ရက် နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ကျား(၆၃)ဦး၊ မ(၄၂)ဦး၊ စုစုပေါင်း (၁၀၅)ဦး ရှိပြီး၊ ဆေးရုံမှ ဆင်းခွင့်ပြုသူ ကျား(၁)ဦး၊ မ(၁)ဦး၊ ပေါင်း(၂)ဦးရှိကြောင်း သိရပြီး၊ သေဆုံးသူ ကျား(၂)ဦး၊ မ(၁)ဦး၊ ပေါင်း(၃)ဦးဖြစ်၍ ဆေးရုံတက်လူနာ ကျား(၆၀)ဦး၊ မ(၄၀)ဦး၊ ပေါင်း(၁၀၀)ဦး ကျန်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)