စဉ့်ကူး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း အောက်ဆီဂျင် Plant စက်တည်ဆောက်နိုင်ရေး အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသော်တာထွန်း က အဖွင့်အမှာစကား ပြောကြားပြီး အောက်ဆီဂျင် Plant စက် တည်ဆောက်နိုင်ရေး လှူဒါန်းသည့် အလှူငွေသိန်း(၁၄၄) သိန်းအား ဗိုလ်မှူးသော်တာထွန်းနှင့် အလှူရှင်များက လောကဟိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုလတ် ထံသို့ပေးအပ်လှူဒါန်းခဲ့ရာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါအတွက် အထူးလိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်ဖြင့် အရေးပေါ်အသက်ကယ်နိုင်ရန်အတွက် ခန့်မှန်းကုန်ကျငွေ သိန်း (၁၀၀၀) ကျော် တန်ဖိုးရှိ အောက်ဆီဂျင်စက် လျှင်မြန်စွာ ဝယ်ယူနိုင်ရေးအတွက် ယခင်လှူဒါန်းငွေ သိန်း (၈၀၀) နှင့် ယခု လှူဒါန်းငွေ သိန်း (၁၄၄) ၊ စုစုပေါင်း သိန်း (၉၄၄) ရရှိပြီး ထပ်မံလှူဒါန်းမည့် အလှူရှင်များ အနေဖြင့် ဆက်လက်လှူဒါန်းနိုင်ပါကြောင်းနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် မိမိတို့ဘက်မှ အလှူရှင်များရရှိရေးနှင့် လိုအပ်သည်များ ပါဝင်ဆောင်ရွက် ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)