ခိုလမ်မြို့ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ( ၈ ) ဦးကို ဆေးရုံမှ ဆင်းခွင့်ပြု

ခိုလမ်  ဇူလိုင်  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်ကျောင်းမှ အမျိုးသား(၇)ဦးနှင့်ခိုအွတ်ကျေးရွာအုပ်စု ၊ နမ့်ကျိုင်းရွာမှ အမျိုးသမီး(၁)ဦး  ကိုဗစ်-၁၉ ပိုးတွေ့လူနာတို့မှာ ခိုလမ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်လာပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်း တွင်ဆေးရုံ မှဆင်းခွင့်ပြုခဲ့သည်။

 

အဆိုပါ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း(၈)ဦးကို ၎င်းတို့၏ နေအိမ်သို့ပြန်လည် ပို့ဆောင်ပေးကာ Home   Quarantine  (၁၀)  ရက် ထပ်မံနေထိုင်ရန် ဆောင်ရွက်ထားရှိပြီး   ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံ မှ သိရှိရသည်။

 

ခိုလမ် (ပြန်/ဆက်)