“အာဇာနည်နေ့အကြောင်းသိကောင်းစရာများ” Talk Show ကျင်းပ

မြဝတီ ဇူလိုင် ၁၇

 

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက “အာဇာနည်နေ့အကြောင်းသိကောင်းစရာများ Talk Show ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေး သီက အာဇာနည်နေ့အကြောင်းသိကောင်းစရာများ Talk Show ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အာဇာနည်နေ့ဖြစ်ပေါ် လာပုံ အကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီး (၉) ဦး၏ အကြောင်းများ၊ အာဇာနည်လို့ခေါ်ဆိုရသည့် အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့ပုံများ၊ ဗိုလ်ချုပ်ဆောင်ဆန်းနှင့် ပတ်သက်၍ လူငယ်တွေ စံနမူနာ ယူနိုင်မည့် အကြောင်းအရာများနှင့် အာဇာနည်နေ့ကို လူငယ်တွေဘာကြောင့် အမှတ်ရနေသင့်သလဲ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

မန်းသန်းရွှေမြင့်