မိုင်းဆတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားနေသည့်ကာလတွင် ခရိုင်အတွင်းရှိမြို့နယ်များ၏ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ငွေကျပ်သိန်း (၈၀၀)တန် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၅၀)ထောက်ပံ့ ပေးမည် ဖြစ်၍ လိုအပ်သောငွေကျပ်သိန်း(၂၅၀)အား ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များက အလှူငွေ များ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန် ဇူလိုင်(၁၆)ရက်က ဒုတိယဗိုလ်ချုပ်ကြီးအောင်ဇော်အေး မိသားစုမှ ငွေကျပ် (၁၀)သိန်း၊ ပူနားကိုကျေးရွာမှ ဦးကျဒေနှင့် မယ်ကြုတ်ကျေးရွာမှ ဦးပီငေါ့ ဦးဆောင်သော အလှူရှင်များက ငွေကျပ်(၇၄)သိန်းကျော်၊ ဝိန်းနေရပ်ကွက်မှ ဦးဖိုးစော+ဒေါ်အီခမ်းမိသားစုနှင့် ဦးကျချူး+ ဒေါ်နာမီးရှီး မိသားစုမှငွေကျပ်သိန်း(၂၀)၊ လွယ်ဆမ်ဆုံကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်း၊ သုံးယိင်းဟွား ဆောက်လုပ်ရေး ကုမ္ပဏီမှငွေကျပ်(၇)သိန်း၊ ဦးလွင်ခမ်း မိသားစုမှငွေကျပ်(၅)သိန်း၊ မယ်ဆွမ်မြောက် ရပ်ကွက်မှ မယ်ထောက်အိမ် မိသားစုမှငွေကျပ်(၂)သိန်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ငွေကျပ်(၁၄)သိန်း ခန့် ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
အလားတူ ဇူလိုင်လ(၁၄)ရက်က အောက်ဆီဂျင်ထုတ်စက်ဝယ်ယူရန် ရွှေရှမ်းဟန်ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်(၅)သိန်း၊ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ်(၅)သိန်း၊ တော်ဝင်တန့်ဆိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှငွေကျပ်သိန်း(၅၀)၊ Family Zion ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀)၊ နော်ရှဲလား ဟူကုမ္ပဏီမှငွေကျပ်(၄၈)သိန်းလှူဒါန်းပေးခဲ့သည်။
လှူဒါန်းရရှိငွေများဖြင့် အောက်ဆီဂျင်ထုတ်စက်ကို အမြန်ဆုံးဝယ်ယူသွားမည်ဖြစ်ပြီး ပိုလျှံငွေများကို အောက်ဆီဂျင်ထည့်ရန် စလင်ဒါများဝယ်ယူခြင်း၊ စက်ထားရန်အဆောက်အအုံ ပြင်ဆင်ဆောင်ရွက်ခြင်း၊ Quarantine Centre များပြင်ဆင်ဆောင်ရွက်ခြင်းနှင့် Quarantine ထားရှိသူများအား ဧည့်ခံကျွေးမွေးခြင်း စသည့် လုပ်ငန်းတို့တွင် စနစ်တကျသုံးစွဲရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှသိရသည်။အဆိုပါ ငွေကျပ်သိန်း(၈၀၀)တန်အောက်ဆီဂျင်ထုတ်စက်သည် တစ်ရက်လျှင် (၁၅)လီတာဆံ့ စလင်ဒါ အလုံး(၄၀)ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
မြင့်မောင်