ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြို့နယ်ပညာရေးမိသားစုမှ ငွေကျပ်(၁၀) သိန်းလာ ရောက်လှူဒါန်း

လားရှိုး ဇူလိုင် ၁၇

 

လားရှိုးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ပြည်သူ့ဆေးရုံ၊ ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့်ပညာရေး ကောလိပ်စောင့်ကြည့် ကုသရေးအဆောင်များတွင် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံစေတနာရှင်များ ပူးပေါင်းကာ စောင့်ကြည့်ကြပ်မတ် ကုသပေးလျက်ရှိ သည်။

 

လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံသို့ ယနေ့နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပညာရေးမိသားစုက အလှူငွေ ကျပ်(၁၀)သိန်း လာရောက်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ တာဝန်ရှိသူတို့က လက်ခံရယူပေးခဲ့ကြောင်းသိရသည်။

 

ဥမ္မာချို