ဝမ်စိမ်း တိုက်နယ်ဆေးရုံသို့ အစားအသောက်များ နှင့်(mask)များသွားရောက်လှူဒါန်း

မိုင်းနောင်  ဇူလိုင် ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များသည် ယနေ့ နံနက်(၁၁)နာရီအချိန်က ဝမ်စိမ်းတိုက်နယ်ဆေးရုံသို့ သွားရောက်၍အစားအသောက်များနှင့်(mask)များလှူဒါန်းခဲ့သည်။

 

ထိုသို့သွားရောက်ဆောင်ရွက်ရာ၌ ဝမ်စိမ်းတိုက်နယ်ဆေးရုံ တွင်ဆေးကုသမှုခံယူနေသော  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ(၆)ဦးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကျန်းမာရေးဌာန ဝန်ထမ်းများ အတွက် မိုင်းနောင်မြို့ ရွှေတောင်တန်းကုန်စုံဆိုင်နှင့်ကိုဗစ်-၁၉ ကော်မတီမှလှူဒါန်းသော အစားအသောက်များနှင့်(mask)များကို လက်ဝယ်အရောက်သွားရောက်လှူဒါန်းပေးအပ်ခဲ့သည်။

 

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာအောင်ကျော်သူနှင့်ဝန်ထမ်းများ၊ ဆေးရုံတက်ရောက် ကုသနေသော လူနာများအား အားပေးစကားပြောကြားကာ လိုအပ်သည်များ ချိတ်ဆက်ကူညီပေးနိုင်ရေးကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။

 

 မနန်း(မိုင်းနောင်)