တာချီလိတ်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့မှ အခြေခံစားကုန်များ ထောက်ပံ့ပေး

တာချီလိတ် ဇူလိုင် ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ အခြေခံ လူတန်းစားများအား အခြေခံစားကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးဌာနရုံး၌ ပြုလုပ်ခဲ့ကြသည်။

 

စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူးဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြု အဖွဲ့ဝင်များက စည်ပင် သာယာရေးဌာနမှ အခြေခံဝန်ထမ်း ၅၁ ဦးကို တစ်ဦးလျင် ထိုင်းဘတ်ငွေ ၄၅၀ ဘတ်တန်ဖိုးရှိ ဆန်၊ဆီ၊ ဆား၊ ကုလားပဲ၊ ငါးသေတ္တာများကို ထောက်ပံ့ပေးခဲ့ကြသည်။

 

ဆက်လက်၍ တာချီလိတ်မြို့ပေါ်ရှိ စားဝတ်နေရေးခက်ခဲပြီး အမှန်တကယ်လိုအပ်မည့် အိမ်ထောင် စုပေါင်း ၁၀၀၀ ကျော်ကို ထောက်ပံ့ပေးရန်အတွက် မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့က စီစဉ်ထားကြောင်း သိရှိရသည်။

 

 

ယာဆေး