သုံးခွမြို့နယ်၌ ပညာရေးဝန်ထမ်းများအား ဒုတိယကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

သုံးခွ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SARS-CoV-2 Vaccine (Vero Cell) inactivated (တရုတ်)နိုင်ငံထုတ် ကာကွယ်ဆေးများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ကျန်းမာရေး၀န်ထမ်း များက (ဒုတိယ) အကြိမ် ပညာ‌ရေးဝန်ထမ်းများကို အ.ထ.က(၁)ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ထိုးနှံပေးကြောင်း သိရှိရသည်။

 

ကာကွယ် ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်း များအားကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုး နှံပေးပြီးနောက် ဘေးထွက်ဆိုးကျိုး ရှိ/မရှိ မိနစ်၃၀ကြာ အနားယူ စေကာ စောင့်ကြည့်ပေး‌ကြောင်း သိရသည်။ ကိုဗစ်-၁၉ကာကွယ်‌ ဆေးထိုးခြင်းအား ဇွန်လ ၁၇/၁၈ ရက် တို့တွင် ပထမအကြိမ်၌ ပညာ‌ရေးဝန်ထမ်း(၅၆၃)  ဦးကို အားထိုးနှံပေးခဲ့ ပြီးယခု ဇူလှိုင်လ ၁၅/၁၆ ရက်တို့တွင် ဒုတိယအကြိမ်ထိုးနှံ‌ ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်ဝင်းသန်းထံမှ သိရသည်။