မိုးနဲ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ချနိုင်ရန်အတွက် ယနေ့နံနက် ၇နာရီ အချိန်တွင် မြို့မဈေးကြီး အတွင်းအပြင်များ၌ Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ချနိုင်ရေးတွက် Mask Campaign ပြုလုပ်ရာတွင် ဈေးအတွင်းသို့ ဝင်ရောက်သည့် ဈေးရောင်း/ ဈေးဝယ်များကို စနစ်တကျ နှာခေါင်းစည်းတပ်ဆင်ပြီးမှ ကိုဗစ်-၁၉ စည်းကမ်း ချက်နှင့်အညီ ဝင်ရောက် ဝယ်ယူရောင်းချကြစေရန် ရည်ရွယ်၍ နှာခေါင်း စည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့သို့ နှာခေါင်းစည်း ပေးဝေခြင်း ပြုလုပ်သည့်နေရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများ ၊ ကြက်ခြေနီအသင်းမှတာဝန်ရှိသူများ ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် အမျိုးသမီးရေးရာမှ တာဝန်ရှိသူများစုပေါင်း၍ mask အခု၂၅၀ နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်နိုင်ရန် လမ်းညွှန်ချက်များပါသည့် လက်ကမ်းစာစောင် များကိုပါ ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
ဇင်ကိုကို