ကျေးသီး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူနှင့် ထိတွေ့ခဲ့သည့် ပိုးတွေ့လူနာအမျိုးသမီး ( ၂ )ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ( ၃၂ )ဦး အား ယနေ့ မွန်းလွဲပိုင်းတွင် RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ ( ၃၂ ) ဦး အနက် ( ၅ )ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူသည်အသက်(၁၂ )နှစ်အရွယ် အမျိုးသမီး ၁ဦး၊အသက် ( ၂၀ )နှစ်အရွယ် အမျိုးသမီး ၁ ဦး၊အသက် ( ၁၉ )နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ( ၃၁ )နှစ် အရွယ် အမျိုးသား ၁ဦးနှင့် အသက် ( ၂၀ )အရွယ် အမျိုးသား ၁ ဦး ပေါင်း ( ၅ )ဦး တို့အား ကျေးသီး မြို့နယ် ( ၁၆ ) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်အဆောင် ( Isolation Ward ) တွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း အဆိုပါ ပိုးတွေ့လူနာနှင့်ဆက်စပ်သူများအား ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီ Home Quarantine ထားရှိပြီး အသွားအလာ ကန့်သတ် ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။