ဘားအံ ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများလာပြီး Positive အတည်ပြုလူနာ များပြားလာမှုကြောင့် နည်းပညာ တက္ကသိုလ် (ဘားအံ)အား Quarantine Centre အဖြစ် တိုးချဲ့ဖွင့်လှစ် နိုင်ရေး ပျက်စီးနေသည့် လမ်းများအား လမ်းခင်းကျောက်များခင်း၍လမ်းများ ပြင်ဆင်ခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ Positive အတည်ပြုလူနာ(၁၅-၇-၂၀၂၁)ရက်နေ့ အထိ (၂၇၉)ဦးရှိသည့်အတွက် ပိုးတွေ့လူနာများထားရှိသည့် ဘားအံပြည်သူ့ ဆေးရုံ၊ တိုင်းရင်းဆေးရုံ၊ စစ်ဆေးရုံ(တောင်ကလေး) ၊ တန် (၄၀၀၀) ဧည့်ရိပ်သာ ၊ BAJ သင်တန်းကျောင်းများတွင် လူနာများ ထားရှိမှုအခက်အခဲ ရှိလာသည့်အတွက် နည်းပညာတက္ကသိုလ် (ဘားအံ)အား Quarantine Centre အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကျောင်းဝင်း အတွင်း ပျက်စီးနေသော လမ်းများအား သွားလာရေး အဆင်ပြေစေရန် လမ်းခင်းကျောက်များခင်းခြင်း ၊ လမ်းများ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။