လောက်ကိုင် ဇူလိုင် ၁၆
လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ရုံးအဖွဲ့သည် လောက်ကိုင် ဒေသပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိလိုက်ပါ၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးရုံး၊ လောက်ကိုင်မြို့နှင့် မြန်မာ့စီးပွားရေးဘဏ် ၊ လောက်ကိုင်မြို့ စသည်ရုံးများသို့ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရန်အတွက် ဆောင်ရွက်ရမည့် အချက်အလက်များ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာ နေထိုင်မှုရှိမရှိ လုပ်ငန်းလမ်းညွှန်နှင့်အညီ နေထိုင်လုပ်ကိုင်သွားလာရန် အသိပေး ခြင်း၊ သတိပေးခြင်း၊ မိသားစုစီမံချက်အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ အား ရှင်းလင်းမှာကြားခြင်း ရုံးဌာနများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ဆက်လက်၍ ရန်လုံကျိုင်းမြို့အဝင် နယ်စပ်ဂိတ်အနီးရှိတောင်ညီနောင်တွင် ကွန်တိန်နာ အလုံး(၂၀၀) ဖြင့်ပြုလုပ်ဖွင့်လှစ်လျက်ရှိသော Quarantine Centre နေရာသို့သွားရောက် စစ်ဆေးခဲ့ ကြောင်း သိရသည်။
နန်းမြမြဝင်း