ပင်လုံမြိုတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် (Facility Quarantine) အဖြစ် ထားရှိပြင်ဆင်ထားသည့် နေရာသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ပင်လုံ  ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ယနေ့နံနက် (၁၁:၀၀)နာရီအချိန်ခန့် က လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က ပင်လုံမြို့အဝင် မွေတော်ဟိုနားဘုရားဝန်းအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များနှင့် အခြားမြို့နယ်များမှ မိမိတို့ ပင်လုံမြို့တွင်း ဝင်ရောက်ဖြတ်သန်းလာသူများအား ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားသည့် နေရာသို့လာရောက်ကြည့်ရှု၍ အထူးကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပင်လုံမြို့ ပင်လုံတက္ကသိုလ် (ကျူရုံးဘော်ဒါဆောင်)ရှိ (Facility Quarantine) အဖြစ် ထားရှိရန် ပြင်ဆင်ထားသည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်လုံ (ပြန်/ဆက်)