မိုင်းယောင်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နေအိမ် အသွားအလာ ကန့်သတ် စောင့်ကြည့်သူ ၁၃ ဦးကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RTD Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ Negative အဖြေထွက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယင်းသို့စစ်ဆေးရာတွင် နေအိမ်အသွားအလာ ကန့်သတ်စောင့်ကြည့်သူ အမျိုးသား ခြောက် ဦး၊ အမျိုးသမီး လေးဦးအား ပထမအကြိမ်အဖြစ်လည်းကောင်း၊ အမျိုးသား သုံးဦးတို့အား ဒုတိယအကြိမ်အဖြစ်လည်းကောင်း အသီးသီး စစ်ဆေးခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေး အထူးဆောင်ရွက်နေပြီး ရောဂါကူးစက်နိုင်သည့်အန္တရာယ်အား ရှောင်ရှားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမိန့် ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များနှင့်အညီ အထူးဂရုပြု လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း