မိုင်းတုံမြို့ကိုဗစ်စစ်‌ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ (၁)ဦးတွေ့ရှိ

မိုင်းတုံ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ည(၈)နာရီခွဲက အမျိုးသားတစ်ဦးထံမှ ကိုဗစ်ရောဂါ ပိုးစစ်ဆေးတွေ့ရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

တောင်ကြီးမြို့ဘက်မှလာသည့် ယာဉ်မောင်းနှင့်ခရီးသည်တစ်ဦးတို့အား မိုင်းတုံမြို့အဝင် စစ်ဆေး ရေးဂိတ်တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်း အမျိုသား (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာအား မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့် ဆောင်တွင် ဆေးကုသပေး လျက်ရှိပြီး ကျန်ခရီးသည်(၁)ဦးအား Quarantine Center တွင် ထားရှိကြောင်း သိရသည်။

ဝင်းဝင်းခိုင်