ကွမ်းလုံ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆)ဦး ထပ်မံတွေ့ရှိ ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ယင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများသည် နမ့်ဟူးကျေးရွာအုပ်စု ၊ တာပါးဟော် ကျေးရွာနေ အသက်(၂၂) အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားပြီး ၎င်းနှင့် အတူနေသူ ကျား(၂)ဦး၊ မ(၁)ဦးနှင့် စံပြကျေးရွာတွင် နေထိုင်သူ ကျား(၃)ဦး ဖြစ်ကြောင်း သိရသည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ RDT Test Kit ဖြင့် စစ််ဆေးခဲ့သော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆)ဦး မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကွမ်းလုံမြို့ မိုးလုံလေလုံအားကစားရုံ ခန်းမ၌ သီးသန့်ထားရှိကာ လိုအပ်သော ဆေးကုသမှုများ စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)