ဒဂုံ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအီနွယ်လှိုင်ပူက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ မြို့နယ်အတွင်း ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပေးပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဇင်ဦးက ကလေးသူငယ်နှင့် ပတ်သက် သည့် အခွင့်အရေးများ၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ လူငယ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပေးသည်။
ထို့နောက် တက်ရောက်ကြသော ဌာနဆိုင်ရာကော်မတီဝင်များကသိရှိ လိုသည့် အချက်များ ဆွေးနွေးကြ ရာ အတွင်းရေးမှူးက ပြန်လည်ဖြေကြားကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)