မန်တုံ ဇူလိုင် ၁၅
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း Quarantine Centre တွင် ထားရှိသည့်သူများအား တရုတ်ဘုံကျောင်း၌ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ဒုတိယအကြိမ်ဖြင့် (၈)ဦးစစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိပါ၊ အသစ်စစ်ဆေးသူ (၁၉)ဦးစစ်ဆေးခဲ့ရာ မြို့မရပ်ကွက်နေ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦးမှ ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
အဆိုပါရောဂါပိုးရှိသူ(၄)ဦးမှာ ယမန်နေ့က မူဆယ်မှ ပြန်လည်ရောက်ရှိလာပြီး မန်တုံမြို့နယ် အထက်အတန်းကျောင်း Quarantine Centre တွင် ထားရှိသူများဖြစ်ကြောင်း သိရသည်။
ပိုးတွေ့ရှိသူများအား မန်တုံမြို့နယ်အထက်တန်းကျောင်း သီးသန့်ကုသဆောင်တွင် ဆေးကုသမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)