တာချီလိတ်မြို့တွင် Stay at Home ကာလအတွင်း ဈေးသည်များနှင့်ဈေးဝယ်များ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဝယ်/ ရောင်းခွင့်ကတ်များ လိုအပ်

တာချီလိတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရှိဈေးများ စင်ပင်သာယာရေးဝန်ထမ်းများက အသိပညာပေးလုပ်ငန်း အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းအချိန်က သွားရောက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဌာနပိုင်ဈေးများနှင့် ပုဂ္ဂလိကဈေးများတွင် ဈေးရောင်းချသော ဈေးသည်များနှင့် ဈေးဝယ်မည့် ပြည်သူများအနေဖြင့် ဈေးများသို့ ဈေးရာင်း/ ဈေးဝယ်လာမည်ဆိုပါက မိမိတို့နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဈေးရောင်းဝယ်ကတ်များပြုလုပ်ထားရန် လိုအပ်ကြောင်း အသိပညာပေးခြင်းနှင့် Mask များ စနစ်တကျ တပ်ဆင်ရေး ခပ်ခွာခွာ ရောင်းဝယ်ရေး စသည့် အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

စည်ပင်သာယာရေး ဝန်ထမ်းများသည် ဝမ်ကောင်းမြို့မဈေး၊ အာခါဈေးနှင့် ပါလျံဈေးတို့တွင် ပညာပေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း သိရှိရသည်။

ယာဆေး