ဘားအံမြို့နယ်၌ ကိုဗစ် - ၁၉ရောဂါကူးစက်ပြန့်ပွားမှုအန္တရာယ် ကာကွယ်တာဆီးနိုင်ရန် Mask Campaign ပြုလုပ်ဆောင်ရွက်

ဘားအံ ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိပြည်သူများ လတ်တလောဖြစ်ပွားလျက်ရှိသည့် ကူး စက်မြန် COVID – 19ကပ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က ဘားအံပြည်သူ့ဆေးရုံအရှေ့၊ ဖိုးလမင်းကုန်တိုက်အရှေ့နှင့်ကန်သာယာ ညဈေးရှေ့တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွာ သူများ၊ လမ်းသွားလမ်းလာများ၊ စျေးဝယ်ထွက်သူများ၊ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်စီးနှင်း သူများနှင့်လိုက်ပါသူများ Mask(နှာခေါင်းစည်း) မတပ်ဆင်လာပါက Maskများ(အခမဲ့)ဖြန့်ဝေပေးခြင်း၊ မလိုအပ်ပဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏလက်ဆေးရန် အသိပညာပေးခြင်း၊ ကုန် တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ၊ အသိပညာပေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုအား ဘားအံမြို့နယ်ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘားအံမြို့နယ်ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်းအဖွဲ့ ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

သက်ထူး