ကွန်ဟိန်း ဇူလိုင် ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်အား ယမန်နေ့မှ စတင်ဖွင့်လှစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပတ်လမ်းဆုံ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ (ရှမ်း/ရှေ့၊ရှမ်း/တောင်)ဖက်မှ မြို့နယ်အတွင်းဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ /မရှိ စစ်ဆေးခြင်း၊ အဆိုပါ ယာဉ်များပေါ်တွင် မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများ ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စစ်ဆေးခြင်းအား နံနက်(၆)နာရီမှ ည(၆)နာရီအထိ ဌာနဆိုင်ရာများ အလှည့်ကျစနစ်ဖြင့် နေ့စဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)