မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်၊ (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလွင်မိုးက ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားနေမှု၊ တောင်ကြီးမြို့မှ လာသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များထံမှ ကိုဗစ်ပိုးတွေ့ရှိမှု၊ မြို့နယ် အတွင်း ကိုဗစ်ကူးစက်မှုမရှိစေရန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရေး၊ ပြည်ပမှနေရပ်ပြန်ပြည်သူများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့စေရေး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့သည်။

မိုင်းတုံမြို့နယ်တွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ(၁၅)ဦးရှိပြီး Quarantine ထားရှိသူ (၁၈)ဦးရှိ ကြောင်းသိရသည်။

ဝင်းဝင်းခိုင်