မိုင်းတုံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Quarantine Centre တွင်ထားရှိပြီး (၇)ရက် မြောက်ရှိသူ(၉)ဦးကို ယနေ့နံနက် (၁၁)နာရီက RDT ဖြင့် စစ်ဆေးရာ ယာဉ်နောက်လိုက် တစ်ဦးထံမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက် ဦးစည်သူအောင်၊ အသက်(၃၈)နှစ်အား မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ဆေးကုသပေးလျက်ရှိသည်။
မိုင်းတုံမြို့နယ်တွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ(၁၅)ဦးရှိပြီး Quarantine ထားရှိသူ (၁၈)ဦးရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင်