ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်၊ Covid Positive Center များအား ထောက်ပံ့ငွေပေးအပ်

တောင်ကြီး ဇူလိုင် ၁၅

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူတို့သည် ယနေ့ နံနက်(၉) နာရီက တောင်ကြီးမြို့ အဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အထွက်၌ ဖွင့်လှစ်ထားသော covid-19 စစ်ဆေးရေးဂိတ်အား သွားရောက်ကြည့် ရှုစစ်ဆေးပြီးကြက်ဥ၊ ခေါက်ဆွဲခြောက်၊သောက်ရေသန့်နှင့် ငွေကျပ်(၁၀)သိန်း တို့ကို စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတိူ့သည်တောင်ကြီးမြို့ ကွန်ပျူတာတက္ကသိုလ်တွင် Positive Center အား သွားရောက်စစ်ဆေးပြီး တာဝန်ထမ်းဆောင်သူများအား ကြက်ဥ၊ ခေါက်ဆွဲ၊ ရေသန့်နှင့်ငွေကျပ် (၁၀)သိန်းထောက်ပံ့ပေးအပ်ခဲ့ပြီး အဝေရာမီးပုံးပျံကွင်းနှင့် တောင်ကြီးတက္ကသိုလ်အမျိုးသားအဆောင်၊ အမျိုးသမီးအဆောင်တို့တွင် (positive Center)ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး အမျိုးသမီးနှင့်ကလေးဆေးရုံ(Positive Center) အားစစ်ဆေး၍ တာဝန်ထမ်းဆောင်နေသူများအား ကြက်ဥ၊ခေါက်ဆွဲ၊ရေသန့်နှင့်ငွေကျပ်(၁၀)သိန်း၊ မိုးကုတ်ဝိပဿန (PCR/RDTစစ်ဆးရေးနှင့် Quarantine Center)အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်နေသူများအား ကြက်ဥ၊ခေါက်ဆွဲ၊ရေသန့်၊ ငွေကျပ်(၁၀)သိန်း၊ စဝ်စံထွန်းဆေးရုံတွင် (positive) ကုသရေး Center နှင့် အောက်စီဂျင်ထုတ်လုပ်သည့် နေရာအားသွားကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင် နေသူများကိုကြက်ဥခေါက်ဆွဲ၊ ရေသန့်နှင့် ငွေကျပ်သိန်း(၂၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)