မိုင်းယောင်း ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ ဇွန် ၈ ရက်က မိုးသည်းထန်ခဲ့သောကြောင့် မြေကျွံကျမှုဖြစ်ပွားခဲ့သော ထေရဝါဒဗုဒ္ဓသာသနာပြု(ဝမ်ဇလီလော်)ကျောင်းရှိ မြေထိန်းနံရံနှင့် ဘုရားရင်ပြင်တော် ပြုပြင်နိုင်ရေးအတွက် ရပ်နီးရပ်ဝေးမှ အလှူရှင်များက အလှူငွေများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
တပ်ဦးကျောင်းမှ လက်ထောက်ဆရာတော်က အလှူငွေ ကျပ်တစ်သိန်း၊ ရဲမှူးမျိုးမြင့်ဦး မိသားစုက ကျပ်တစ်သိန်း၊ ဒုတိယရဲမှူးအောင်နိုင်ဝင်း မိသားစုက ကျပ်သုံးသောင်း၊ အမှတ်(၃)ရပ်ကွက်မှ ဦးစိုင်းထွန်းအောင် မိသားစုက ကျပ်တစ်သိန်းနှင့် ဘိလပ်မြေ ၁၀ အိတ်၊ ဦးဝင်းတင့် မိသားစုက ကျပ်တစ်သိန်း၊ ဦးစိုင်းသူရဇော်တင့် မိသားစုက ကျပ်တစ်သိန်း၊ အထက(မိုင်းယောင်း)မှ ဆရာ/မများ၊ ကျောင်းသား/သူများက အလှူငွေ ၃၇၅၀၀၀ ကျပ်၊ အမှတ်(၈)ရပ်ကွက်မှ ဦးနန်ဘွန်းတဲန်း မိသားစုက ကျပ်သုံးသောင်း၊ ဦးနွဲ့စိုင်းလုံ မိသားစုက ကျပ်တစ်သိန်း၊ အမှတ်(၉)ရပ်ကွက်မှ ဦးဟိန်းဇင်လတ် မိသားစုက ကျပ်တစ်သိန်းနှင့် ဆွမ်းဆန်၊ ဆီများ၊ “တော်ဝင်”ကုန်စုံဆိုင် မိသားစုက ကျပ်ငါးသိန်းနှင့် ဆွမ်းဆန်များ၊ အလက(တပ်တွင်း)ကျောင်းမှ ဆရာမ ဒေါ်သန္တာအောင်က အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းခဲ့ကြသည်။
ထို့ပြင် မိုင်းယုမြို့ ဌာနဆိုင်ရာ မိသားစုက အလှူငွေ ၆၄၀၀၀၀ ကျပ်၊ တာကြန့်ရွာမှ ဦးဝင်းခိုင် မိသားစုက ကျပ် ၁၀ သိန်း၊ မြို့မရပ်ကွက်မှ ဒေါ်နန်းတစ် မိသားစုက ကျပ် တစ်သိန်း၊ ဦးသီဟသူ မိသားစုက ၁၅၀၀၀၀ ကျပ်၊ ဒေါ်နန်းဘွန်းရှဲန် မိသားစုက ကျပ်ငါးသောင်း၊ မဟာထွန်းကုမ္ပဏီလီမိတက်မှ ကျပ် ၁၀ သိန်း၊ မိုင်းယောင်းမြို့ အမှတ်(၇)ရပ်ကွက်မှ ဦးအောင်မျိုးမင်း မိသားစုက ဘုရားကမ္ဗည်းမော်ကွန်းစိုက်ထူရန် ကျပ်ငါးသိန်း၊ ဦးဌေးအောင် မိသားစုက နဝကမ္မဝတ္ထုငွေနှင့် ဆွမ်းတော်များ၊ အလက(တပ်တွင်း)ကျောင်းမှ ဆရာမ ဒေါ်ဂျူလိုင်မိုးနှင့် ဆရာမ ဒေါ်ချိုချိုမြင့်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဦးစိုင်းဟိန်းလွမ်းမိုး မိသားစုက ကျပ်တစ်သိန်း၊ ကိုကောင်းမြတ်စိုးက ငါးသောင်း၊ မဇူးဇူးမေက ကျပ်တစ်သိန်းနှင့် ဆွမ်းဆန်များ၊ ဦးမြင့်စိုးဦး မိသားစုက ကျပ်သုံးသောင်း၊ မနန်းစန္ဒာမိုးက ကျပ်တစ်သိန်းနှင့် ဆွမ်းတော်များ၊ ကိုသန့်ဇင်ထွန်း မိသားစုက ဆွမ်းတော်နှင့် ဒါတဗ္ဗဝတ္ထုများ၊ မဆုပြည့်သဇင်က အလှူငွေ ကျပ်သုံးသောင်းနှင့် ဆွမ်းတော်များ အသီးသီး လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း