သီပေါ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် (၂၈၇/၂၀၂၁)ဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်အရ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင်အကျုံးဝင်သော ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များကို ယနေ့နံနက်ပိုင်းက သီပေါမြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။ ထိုသို့နှိုးဆော်ရာတွင် မြို့နယ်အတွင်းနေထိုင်သူများအနေဖြင့် မိမိနေအိမ်တွင်သာနေထိုင်ရန်၊ မဖြစ်မနေဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန် ရှိပါက တစ်အိမ်လျှင်(၂)ဦးသာ သွားရောက်ရန်၊ နေအိမ်မှပြင်ပသို့သွားလျှင် ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန်စသည့် စည်းကမ်းချက်များကို ပြည်သူများသိရှိလိုက်နာနိုင်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ခင်လေး