မြစ်သားမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မြစ်သား ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်သစ်တော ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ()နာရီက မြို့နယ်လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်သံကျွမ်းကျင်- ဒေါ်မြမြမွန်က  ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောပြီး သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးတင်ကိုကိုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သစ်တောပြုန်းတီးမှု ကာကွယ်သည့် အနေဖြင့် ဒေသခံပြည်သူတွေ သစ်တောထွက်ပစ္စည်းများ လွယ်လင့်တကူ ရယူသုံးစွဲနိုင်ရန်၊ သစ်တောထွက် ပစ္စည်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်များ၊  ကျေးရွာသုံးထင်းစိုက်ခင်း (၃၀)ဧကအတွက် ပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ပြက္ခရွေကြိုးဝိုင်း အမှတ်() အမှတ်() ANR ဓမ္မတာ မျိုးစပ်ခြင်း (၁၀၀)ဧက ဆောင်ရွက်ထားရှိမှု   အခြေအနေများ၊   မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး လမ်းဘေးဝဲယာများတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းများကို နေရာအနှံ့စိုက်ပျိုးထားရှိမှုများ၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေသပိုင် ပြည်သူအစုအဖွဲ့ပိုင် သစ်တော ထူထောင်ရန်အတွက် (ကျွန်း မယ်ဇလီ၊ တမာ၊ ယူကလစ်နှင့် စိန်ပန်း)များကို မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၃၀၀၀၀) ရေအေးဆိပ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၀၀၀၀)  စုစုပေါင်း(၄၀၀၀၀) ပျိုးထောင်ထားရှိရာ  ပြည်သူ၊ ဌာနဆိုင်ရာများအား ပျိုးပင်ပေါင်း ၄၀၀၀ ခန့် ဖြန့်ဝေထားကြောင်း၊ စိတ်ဝင်စားသည့် ရပ်ကွက်ကျေးရွာများမှလည်း လာရောက် ထုတ်ယူ နိုင်ကြောင်းနှင့် သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်းဖြင့် သဘာဝ သစ်တောများ ထိန်းသိမ်းရန်နှင့် ရာသဥတု ဖောက်ပြန်မှုမှ ကာကွယ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)