မချမ်းဘော့မြို့နယ်အတွင်း လမ်းဦးစီးဌာနမှ သစ်ပင်စိုက်ပျိုး

မချမ်းဘော့ ဇူလှိုင် ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနအနေဖြင့် မချမ်းဘော့မြို့တွင်းပြည်ထောင်စု လမ်းမကြီးလမ်းဘေးဝဲယာနှင့် ထရန်ဒမ်းကျေးရွာတွင်း လမ်းဘေးဝဲယာတွင် ယနေ့ နံနက် ၈ နာရီအချိန်တွင် သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်(ပျိုးပင်)စိုက်ပျိုးရာသို့ ပူတာအိုခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦး သန်းနိုင် နှင့် မချမ်းဘော့မြို့နယ် လမ်းဦးစီး ဌာန ဦးစီးအရာရှိ ဦးတင်ဝင်းလှိုင်နှင့်ဝန်ထမ်းများက လမ်းဘေးဝဲယာ တွင် ယမနေပင်နှင့် မန်ဂျန်ရှားပင် စုစုပေါင်းပေါင်း(၂၅၀)ပင်ကိုစိုက်ပျိုးခဲ့သည်။
ထိုကဲ့သို့ စိုက်ပျိုးရခြင်းသည် လမ်းသွားလမ်းလာသူများအတွက် အရိပ်ရစေပြီး သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သဘာ၀ပတ်၀န်းကျင် တိုးတက်ကောင်းမွန်လာစေရေးတို့ကို အထောက်အကူပြုရန်၊ သစ်တော ပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာ၀ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ ရာသီဥတု ညီညွတ် မျှတစေရန်နှင့်ပြည်သူများအကြား ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင် ဗဟုသုတများ စိမ့်၀င်ပျံ့နှံ့စေ ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက် လိုစိတ်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပူတာအိုခရိုင်လမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ကရှင်းလင်းပြောကြားသည်။