မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် (Mask)အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်

မိုင်းနောင် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် (Mask)အခမဲ့ ဖြန်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ် တာဝန်ကျဝန်ထမ်းများပူးပေါင်း၍ လဲချား၊ မိုင်းနောင် မြို့ဝင်ဂိတ်တွင်ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ၊ ခရီးသည်များ၊ ကျန်းမာရေးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ ၆ ပေအကွာမှ စာရင်းပေး၊ သတင်းပို့စေခြင်းများကိုအသိပေး၍ (mask)တပ်ဆင်ခြင်းမရှိသူ လမ်းသွားလမ်းလာများအား (mask)များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍လူအသွားအလာများသော ခိုလမ်၊ မိုင်းနောင်၊ မိုင်းရှူးလမ်းဆုံတွင် တာဝန်ကျသောဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကျေးရွာနေ ဒေသခံများအား၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဟောပြောကာ (mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မနန်း