ရန်ကင်းမြို့နယ် မိုးစေတနာ ပရဟိတအဖွဲ့(ရန်ကုန်)သို့ အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန် အလှူငွေများလှူဒါန်း

ရန်ကင်း ဇူလိုင် ၁၅
 
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် မိုးစေတနာပရဟိတ လူမှုကူညီရေး အသင်းသို့ ယမန်နေ့ နံနက်ပိုင်းက အောက်စီဂျင်အိုးများ ဝယ်ယူ နိုင်ရန်အတွက် အောက်စီဂျင်(လေ)အလှူရှင်များမှ အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
 
မိုးစေတနာ ပရဟိတလူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့ လူနာ၊ သံသယလူနာများအား ရန်ကင်းမြို့နယ် မိုးစေတနာပရဟိတလူမှု ကူညီရေး အဖွဲ့နှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင်အိုးများ ဝယ်ယူ နိုင်ရန်အတွက် ရန်ကင်းမြို့နယ်အမှတ် ၁၂ ရပ်ကွက်နေ ဦးစန်းထွေး+ ဒေါ်လှလှဌေး (ကျော်မှကျော်ဆန်ဆိုင်)မိသားစုမှ လှူဒါန်းငွေကျပ်(၅)သိန်း၊ တောင်ဥက္ကလာပနေ ဒေါ်စန်းစန်းအေး မိသားစုမှ လှူဒါန်းငွေကျပ်(၁၀)သိန်း၊ ရန်ကင်းမြို့နယ် Nayla Mobile မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ ရန်ကင်းမြို့နယ်အမှတ်( ၆)ရပ်ကွက်နေ ဒေါ်သန်းသန်း၊ ကိုအောင်အောင်ထွန်း မိသားစုမှလှူဒါန်းငွေကျပ် (၁)သိန်း၊ ရန်ကင်းမြို့နယ်အမှတ် (၁၂)ရပ်ကွက် ဘူတာရုံ ၃ လမ်းနေ ဒေါ်ကြည်ကြည်သန်း မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ တာမွေမြို့နယ် ကျောက်မြောင်း သီတာလမ်းနေ ကိုကျော်နိုင်ဦးမှ လှူဒါန်းငွေကျပ် (၁)သိန်း၊ အရှေ့ရန်ကင်း ရန်အောင်လမ်းသွယ်(၂)နေ ကိုသောင်းထိုက်ဝင်း+ဒေါ်ဇူလိုင်မိသားစုမှ လှူဒါန်းငွေကျပ်(၁) သိန်း၊ ရန်ကင်း(၆)ရပ်ကွက်နေ ဒေါ်ကြွယ်ကြွယ် မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ ဦးဘုန်းမြင့်+ ဒေါ်ကေသီကြွယ် မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ ဦးရတနာသန်း+ဒေါ်မီမီကြွယ် မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ ဦးဇာနည် +ဒေါ်ရွှေဇင်မေ မိသားစုမှ လှူဒါန်းငွေကျပ်(၁)သိန်း၊ ကိုဝေယံလင်း+ မသဲဦးရတနာ မိသားစုမှ လှူဒါန်းငွေကျပ်(၅)သောင်း၊ ကိုအောင်ဘုန်းမြတ်+ မသက်ထားခင် မိသားစုမှ လှူဒါန်းငွေကျပ်(၃)သောင်းတို့အား လာရောက် လှူဒါန်းရာ မိုးစေတနာ ပရဟိတကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
 
ရန်ကင်းမြို့နယ် မိုးစေတနာပရဟိတအဖွဲ့အနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများနှင့် အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန်အ ဟုန်မြှင့် ပါဝင်ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အပြင် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ပါကလည်း အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်) သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် အသက်ကယ်ခြင်းလုပ်ငန်း များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အသက်ကယ်အောက်စီဂျင် (လေ)အတွက် လှူဒါန်း လိုပါက ဖုန်း ၀၉-၅၄၀၃၅၂၉ ဒေါ်ခင်မြအေး (အသင်းဥက္ကဋ္ဌ) သို့ ကာလဒါနအကျိုး၊ လေအလှူတော်များ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
 
လှလှထွေး