နမ့်စန်(တ) ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၇၅ ဦးရှိရာ လူနာ ၁၁ ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့်အတွက် ယနေ့ နေ့လည်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါလူနာ ၁၁ ဦးသည် ဇူလိုင်လ ၅ ရက် နှင့် ၆ ရက်နေ့တို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူများဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ၁၀ရက်ကြာ ဆေးကုသမှု ခံယူလျှက်ရှိရာ ကျန်းမာရေးကောင်းမွန်မှုရှိသည့်အတွက် ယနေ့နေ့လည်ပိုင်းတွင် အမှတ်(၁) ရပ်ကွက် မှ အမျိုးသမီး ၁ ဦး၊ အမှတ်(၂)ရပ်ကွက် မှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ အမှတ်(၄) ရပ်ကွက် မှ အမျိုး သမီး ၁ ဦး၊ ဝမ်ပိန်းကျေးရွာအုပ်စု၊ ကုန်းညို့ကျေးရွာမှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၁ ဦးကို ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် က အဆိုပါ ဆေးရုံဆင်းခွင့်ရှိသူများကို မိမိတို့၏နေအိမ်တွင် ၇ ရက် အသွား အလာကန့်သတ်သီးသန့်နေထိုင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန်လိုအပ်ပါက ဖုန်းဖြင့်သာ ဆက်သွယ်မှုပြုလုပ်ရန်၊ လူစုလူဝေးဖြင့် နေထိုင်းခြင်းမပြုလုပ်ကြရန်နှင့် အခြားလိုအပ်သည့် ဆောင်ရန်၊ရှောင်ရန်အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)