မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ

မြင်းခြံ ဇူလိုင် ၁၅
 
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ ည ၉ နာရီ အချိန်တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးမကောင်းသဖြင့် လာရောက်ဆေးကုသသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ ခဲ့ကြောင်း သိရသည်။
 
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ ၂၄ ဦးမှာ မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက်မှ ၁ ဦး၊ အမှတ်(၂) ရပ်ကွက်မှ ၂ ဦး၊ အမှတ် (၃) ရပ်ကွက်မှ ၃ ဦး၊ အမှတ် (၆) ရပ်ကွက်မှ ၃ ဦး၊ အမှတ် (၈) ရပ်ကွက်မှ ၁ ဦး၊ အမှတ် (၁၀) ရပ်ကွက်မှ ၁ ဦး၊ အမှတ် (၁၁) ရပ်ကွက်မှ ၁ ဦး၊ အမှတ် (၁၂) ရပ်ကွက်မှ ၁ ဦး၊ အမှတ် (၁၃) ရပ်ကွက်မှ ၁ ဦး၊ သံမဏိစက်ရုံမှ ၁ ဦး၊ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာမှ ၃ ဦး၊ ကူရွာကျေးရွာမှ ၂ ဦး၊ ဒါးကျွန်းကျေးရွာမှ ၁ ဦး၊ တောင်သာမြိုနယ် ရွာလေးကျေးရွာမှ ၁ ဦး၊ နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာမှ ၁ ဦး၊ရေစကြိုမြို့နယ် ဆင်တဲကျေးရွာ မှ ၁ ဦးတို့သည် ကျန်းမာရေးမကောင်းသဖြင့် မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံကြီး သို့ လာရောက်ပြသရာမှ RDT ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် မြင်းခြံခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုနာ ကျား (၂၇) ဦး၊ မ (၁၉) ဦးနှင့် Strict Home Quarantine တွင် ကျား (၈) ဦး၊ မ (၆) ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆၀) ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
ကျော်စွာ