ချီဖွေ ဇူလိုင် ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ဇူလိုင်(၁၄)ရက်နေ့မှစတင်၍ မြို့အဝင် ကျန်းမာရေး စစ်ဆေးဂိတ်တွင် RDT Test Kit စစ်ဆေးချက်ဖြင့် စတင်စစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီ ကျော်အထိ ကိုဗစ်-၁၉ရောဂါ Positive လူနာ(၇)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများသည် မိုင်းနား(ရွှေကျင်) ဝိုင်းမော်မြို့နယ် တောင်သူ လုပ်ကိုင်သူ မ(၁)ဦး၊ မဒိန်ကျေးရွာ ရွှေလက်ယာဆီဆိုင် ဝိုင်းမော်မြို့မှ ယာဉ်မောင်း ကျား(၅)ဦးနှင့် နတ်ကြီးကုန်း ရပ်ကွက် မိုးကောင်းမြို့ မှ ပန်းရံလုပ်ကိုင်သူ ကျား(၁)ဦး စုစုပေါင်း(၇)ဦး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား ချီဖွေမြို့နယ်ပြည်သူ့ဆေးရုံ ပိုးတွေ့လူနာကုသဆောင်တွင် ဆေးကုသမှု ခံယူစေလျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံခဲ့သူ ကျား(၁၁)ဦးနှင့် မ(၁)ဦးတို့အား ချီဖွေမြို့နယ် အားကစား ခန်းမရှိ (Quarantine Centre)တွင် သီးသန့်ထားရှိပြီး စောင့်ကြည့်စစ်ဆေး သွားမည်ဖြစ်ကြောင်း ချီဖွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ချီဖွေ(မြို့နယ်ပြန်/ဆက်)