မိုင်းပန် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့နံနက်ပိုင်း က ပြည်သူ့ဆေးရုံအတွင်းရှိ Community Based Facility Quarantine နေရာတွင်ထားရှိသူ (၁၁) ဦးအနက် (၇) ရက်ပြည့်ပြီးသူ (၁ဝ) ဦးတို့အား ဒုတိယအကြိမ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်းနှင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသည့် ဖျားနာနေသူ (၁) ဦးတို့ အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့ထိ မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင် ကုသမှု ခံယူနေသူ ပိုးတွေ့လူနာ (၂) ဦးနှင့် Community Based Facility Quarantine နေရာတွင် ထားရှိသူ (၁၁) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)