ကမမောင်းမြို့၌ ကိုဗစ် - ၁၉အတည်ပြုလူနာ( ၇) ဦးတွင် ကျန်းမာရေးဝန်ထမ်း ( ၂) ဦးပါဝင်

ကမမောင်း ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ကိုဗစ် - ၁၉ ရောဂါအတည်ပြုလူနာ ကျား ( ၃) ဦး၊မ ( ၄) ဦး၊စုစုပေါင်း ( ၇) ဦးရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာများဖြစ်သည့် မြို့ပေါ်ရပ်ကွက်အတွင်းမှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၂) ဦးတို့အား ပြည်သူ့ဆေးရုံသီးသန့်လူနာဆောင် (သံဃာဆောင်)တွင် ထားရှိပြီး၊ ကမမောင်းမြို့ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိပြီး နေမကောင်း၍ ဖျားနာသော ကျန်းမာရေးဝန်ထမ်း (၁)ဦးအား RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာမှ ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းနှင့်အတူတွဲ၍ အလုပ် လုပ်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းဝန်ထမ်းများအား စစ်ဆေးခဲ့ရာ ကျန်းမာရေး ဝန်ထမ်း (၁) ဦးတွင် ကိုဗစ် - ၁၉ ရောဂါပို့တွေ့ရှိခဲ့သဖြင့် ကျန်းမာရေးဝန်ထမ်း ( ၂) ဦးအား ဝန်ထမ်းအိမ်ယာသုံးထပ်ဆောင်၌ သီးသန့်ခွဲထား၍ဆေးကုသပေးလျက်ရှိ သည်။

ထို့အပြင်မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အမျိုးသား တစ်ဦးမှာသီးသန့်လူနေအိမ်၌ Home Quarantine နေထိုင်ပြီး ဖျားနာသဖြင့် ယနေ့ နံနက်တွင် ကျန်းမာရေးဝန်ထမ်းများက RDT Test Kit ဖြင့်ရောဂါပိုးရှိ၊မရှိစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် အဆိုပါ ပိုးတွေ့လူနာအား၎င်း၏ သီးသန့်လူနေအိမ်၌သာ ထားရှိ၍ ဆေးကုသမှုခံယူသွားစေမည်ဖြစ်ကြောင်း ကမမောင်းမြို့ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာ ဆုရဲထက်ထံမှသိရသည်။

လင်းသန့်